ခွင့်မပြု/ အခွင့်မရှိ
စက္ကူစက်ရုံမှ အနားယူသောအခါ အဖေ့ကို သမ္မာကျမ်းစာအုပ် လက်ဆောင် ပေးကြသည်။ ၎င်းကို သန့်ရှင်းသော သမ္မာကျမ်းစာ ဟု ရိုက်နှိပ်ထားသော သစ်ကတိုးသားဗူးထဲထည့်ထားသည်။ “သန့်ရှင်သော” ဟူသည့် စကားလုံးကြောင့် ၎င်းကို ကျွန်မကိုင်တွယ်ခွင့်မရှိဟု ကျွန်မယူဆခဲ့သည်။ သို့ငြားလည်း ဗူးအတွင်းသို့ ကျွန်မချောင်းကြည့်ခဲ့သည်။ ကျမ်းစာအုပ်၏ အလယ်တည့်တည့်တွင် သခင်ယေရှုကားစင်တင်ခံရသည့် ပုံပါရှိသည်။ ထိုပုံနှင့်တွဲလျက် ယော ၃း၁၆ ကျမ်းပိုဒ်ကို ပုံနှိပ် ထားပြီး၊ အနီရောင်ဖလင်ပြားဖြင့် ဖုံးထားသောကြောင့် သွေးထွက်ပြီး ကိုယ်တော်သေဆုံးသည့် အဓိပ္ပါယ်ဟု ကျွန်မယူဆမိသည်။
ရံဖန်ရံခါ မည်သူမျှ မရှိသည့် အချိန်တွင် စင်ပေါ်မှ သန့်ရှင်းသောကျမ်းစာအုပ်ကို ညင်သာ စွာထုတ်၊ ဗူးကိုဖွင့်၍ ကားတိုင်ထက်ရှိ ယေရှု၏ပုံကိုကြည့်၊ ကျမ်းပိုဒ်ကိုဖတ်၊ ပြီးနောက် ဤပုဂ္ဂိုလ် အကြောင်း၊ ဘာကြောင့်အသေခံရသနည်း၊ သူ့မေတ္တာက ကျွန်မအတွက်ရောပါလား။ သူ့မေတ္တာ ခံစားဖို့ ကျွန်မ၌ အခွင့်မရှိဖြစ်နေသလား စသည်ဖြင့်တွေးမိသည်။…
ကောင်းကင်ထက်မှ မှေးစက်အိပ်ပျော်ခြင်းမရှိသူ
လေယာဉ်ပျံများ၌ အန္တရာယ်အရှိဆုံး အခြေအနေတစ်ခုမှာ မြေပေါ်ဆင်းသက်သည့် အချိန် ဖြစ်သည်။ လေယာဉ်က မြေပြင်နှင့် နီးကပ်လာလေ လေယာဉ် ယာဉ်ကြော အသွားအလာ ပိုကျပ် လာသည်။ မြေပြင်ရှိ ရာသီဥတုမှ ပေ ၃၀၀၀၀ အထက်ရှိ ရာသီဥတုထက် ပိုဆိုးသည်။ ထို့အပြင် လေယာဉ်ပြေးလမ်း၌ လမ်းရှင်းချင်မှရှင်းမည်။ သို့ဖြစ်၍ လေယာဉ်မှူးများသည် လေယာဉ်အစီး တိုင်းထိခိုက်မှုမရှိဘဲ ဆိုက်ရောက်နိုင်အောင် လေယာဉ် အသွားအလာ ထိန်းချုပ်ခန်းမှ ပေးပို့သော အချက်အလက်အသေးစိတ်ကို အမှီပြုကာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရသည်။ လေယာဉ် ထိန်းချုပ်ခန်းမရှိပါက အခြေအနေရှုပ်ထွေးကာ ဧကန်မုချပရမ်းပတာဖြစ်မည်ပင်။ ထိုကြောင့် ခရီး သည် အပြည့်တင်ဆောင်လာသော လေယာဉ်မှ ထိန်းချုပ်ခန်းသို့ သတင်းပို့သော်လည်း ပြန်လည် တုံ့ပြန်မှုမရသောအခါ လေယာဉ်မှူးကြီးအလွန် ထိတ်လန့်သွားမည်ပင်။ စင်စစ်ထိန်းချုပ်ခန်း၌ တာဝန်ကျသူမှာရှိနေသော်လည်း နှစ်ခြိုက်စွာအိပ်ပျော်နေ၍ လေယာဉ်နှင့်တကွ ခရီးသည်များ ပျက်စီးဆုံးရှုံးမည့် အခြေဆိုက်သွားခြင်းဖြစ်သည်။ သို့သော်…
အန္တရာယ်များသောလုပ်ငန်း
၂၀၁၀ ခုနှစ်၌ ကမ္ဘာနှင့်အ၀ှမ်း ငွေကြေးကြပ်တည်းကပ်ဆိုက်၍ ဘဏ်လုပ်ငန်းကြီးတစ်ခုမှ ၎င်းတို့ ရောင်းချလိုက်သော ရင်းနှီးမြှပ်နှံမှုလက်မှတ်များသည် အန္တရာယ်များပြီး၊ ၀ယ်ယူသူများကို လိမ်ညာမှုအတွက် အမှုဆောင်အရာရှိများမှာ စစ်ဆေးမေးမြန်းခံရသည်။ အမြတ်များများရမည်ဟု ဂတိပြုသည့် တစ်ချိန်တည်းမှာပင် ရင်းနှီးမြှပ်နှံမှုများက ရှုံးမှာသေချာပြီး၊ လက်မှတ်ဝယ်ယူသူများ အတွက် ဘာမှကျန်မည် မဟုတ်ကြောင်းကို သူတို့သိနေကြသည်။
လိမ်ညာလှည့်စားခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ သခင်ယေရှုက စာတန်၌ “သစ္စာ တရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ ...မုသားစကား၌ ကျင်လည်သောသူဖြစ်၏” (ယော ၈း၄၄)ဟု သရုပ်ဖော်ထားသည်။ ကျွန်ုပ်တို့၏ ၀ိညာဉ်ရန်သူက ထာဝရဆုံးရှုံးမည်ကို သိ လျက်နှင့် “လက်ရှိဘ၀အတွက်သာ ရှင်သန်ပါ” ကျွန်ုပ်တို့ကို ပြောသည်။
သခင်ယေရှုက သူ့တပည့်တော်များကို ကြွယ်ဝပြီး လွယ်ကူချောမွေ့သည့် အသက်တာ ပေးမည်ဟု ပြောမထားသော်လည်း မိမိကိုယ်ကိုစွန့်လွတ်ပူဇော်ရန်နှင့် ကိုယ်တော်၏ သဏ္ဍာန်ကို ယူတင်ဝတ်ဆောင်ရန် သူတို့ကိုခေါ်ယူတော်မူ၏။ မိမိသည် အသတ်ခံရပြီး သေခြင်းမှ ရှင်ပြန်ထ…
ဘုရားသခင်၏ပုံ
တစ်နေ့သ၌ ကျွန်မ၏ သားငယ်သည် လိမ္မော်ရောင် မှင်တံဖြင့် ဖခင်ဖြစ်သူ၏ ပုံဆွဲပါသည်။ လမ်းလျှောက်ကာစ သားလေးက မျဉ်းရှည်ရှည်နှစ်ချောင်းပေါ်တွင် စက်ဝိုင်းတစ်ဝိုင်း ဆွဲကာ ထိုစက်ဝိုင်းထဲ၌ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ရေးဆွဲထားသည်။ (မျဉ်းရှည်များက ခြေထောက်ဟု ကျွန်မကိုပြောသည်။) သားလေး၏ အားထုတ်မှုအတွက် အမှတ်ကောင်းကောင်း ရရှိခဲ့သော်လည်း မျက်လုံးပြာပြာ၊ ယုံကြည်ချက်အပြည့်ရှိသောအပြုံး၊ ငွေရောင်ဆံနွယ်ပိုင်ရှင် ကျွန်မ၏ခင်ပွန်း၊ သူ့ ဖခင်၏ပုံစံကိုဖြင့် စိုးစင်းမျှပင် အမိအရ မဆွဲနိုင်ပါ။
ဘုရားသခင်၏ သားသမီးများအနေဖြင့် တစ်ခါတစ်ရံ၌ ကောင်းကင်ဘုံရှင် အဖဘုရားသ ခင်၏ပုံကို မှားယွင်းစွာရေးဆွဲဖန်တီးကြသည်။ ကျွန်ုပ်တို့၏ အသက်တာထဲရှိ မှားယွင်းသော အကျင့်များကို ကိုယ်တော်ပြုပြင်ပေးသောအခါ ချစ်စရာ မကောင်းသူအဖြစ် ဘုရားသခင်အား ရှုမြင်တတ်သည်။ ဆုံးမချက်ကြောင့် နာကျင်ရ၍ (ဟေဗြဲ ၁၂း၁၁)၊ ဘုရားသခင်၏ ပြုပြင်ပေးမှုကို ဘုရား၏ လက်စားချေခြင်း (သို့) ဘုရားသခင်၏ အမျက်တော်သက်ရောက်ခြင်းဟု…
အရာခပ်သိမ်း၏ သီအိုရီသဘောတရား
သိပ္ပံပညာရှင်များက “အရာခပ်သိမ်း၏သီအိုရီသဘောတရား”ကို စူးစမ်းရှာဖွေ နေကြ သည်။ ယင်းသီအိုရီကိုတွေ့ရှိပြီးဟု ရူပဗေပညာရှင် ဘရိုင်ယန်ဂရင်းက ယူဆသည်။ သူသည် “The Elegant Uni_verse: Superstrings, Hidden Dimensions, and the Quest for the Ultimate Theory” ဟူသောစာအုပ်ကို ရေးသားခဲ့သည်။ ၎င်း၏ “string theory” မှာ ရှုပ်ထွေး သည်။ သူက အရာခပ်သိမ်း၏ အသေးငယ်ဆုံးသော အပိုင်း၌ တုန်ခါနေသော အမျှင်များ ပါဝင်ဖွဲ့ စည်းထားသည်ဟု အဆိုပြုထားသည်။ သူ၏ သီအိုရီကို “ကမ္ဘာကြီး၏တည်ဆောက်မှု အခြေခံ အင်္ဂါရပ် တစ်ခုစီကို ဖြေရှင်းပြမည့် အခြေခံဖွဲ့စည်းပုံ” ဟု ဖော်ညွှန်းထားသည်။
နှစ်ပေါင်းများစွာ ကတည်းကပင် အတွေးအခေါ်ပညာရှင် နယူတန်မှစ၍ အိုင်းစတိုင်း၊ ဟော် ကင်း၊ ထို့နောက် ဂရင်းတို့သည် ၎င်းတို့၏ဘ၀…
တစ်ဦးကိုတစ်ဦး မြှင့်တင်ပေးခြင်း
အင်တာနက် လူမှုကွန်ယက် ဆက်သွယ်ရေးမှာ တိုးတက်ကျယ်ပြန့်လာသည်။ နေရာဒေသ လွန်စွာဝေးကွာနေလည်း အွန်လိုင်းမှ မိတ်ဆွေများ၏ အတွေးအမြင်များ၊ ၎င်းတို့၏ ဂရုစိုက် နားထောင်ပေးမှုများကို လူတို့ရရှိနိုင်သည်။ ဘလောက်၊ ထွစ်တာ၊ အီးမေးလ်နှင့် ၀ဘ်ဆက်သွယ်မှု များက ၀ိညာဉ်ရေး လမ်းညွှန်မှုများ ရယူနိုင်အောင်၊ ပေးဝေနိုင်အောင် ထပ်မံ၍ လမ်းဖွင့်ပေးသည်။
သို့ငြားလည်း လမ်းပြညွှန်မှုအတွက် ရင့်ကျက်သော ယုံကြည်သူများနှင့် လူချင်းတွေ့ဆုံ ခြင်းသည်လည်း တန်ဖိုးရှိပါသည်။ ဧလိရှဲက ဧလိယနောက်လိုက်သည် (၃ရာ ၁၉း၂၁)။ ပေါလု သည် တိမောသေအား “ယုံကြည်ခြင်းအားဖြင့် သားစစ်” တစ်ဦးကဲ့သို့ လမ်းညွှန်သွန်သင် ခဲ့သည်(၁တိ၁း၂)။ ၀ိညာဉ်ရေးရာ ကြီးထွားမှုကို တိုးပွားစေမည့် လမ်းညွှန်သွန်သင်မှုကွန်ယက် တည်ဆောက်ရန်လည်း တိမောသေကို နှိုးဆော်တိုက်တွန်းခဲ့သည် (၂တိ ၂း၂)။ “အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊အိပ်လျက် ထလျက် ရှိသည်ဖြစ်စေ” တစ်နေ့တာလုံး သားသမီးများကို သွန်သင်ရန် မိဘများကို…
ဆုချီးမြင့်ခြင်းမခံရသော
အများသောအားဖြင့် ကျွန်ုပ်တို့သည် မိတ်ဆွေသူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ကျောပုတ်၍ အားပေးခြင်း၊ သူရဲကောင်းပမာအားပေးခြင်း၊ လက်ခုပ်တီး၍အားပေးခြင်း၊ စိတ်ရင်း နှင့်ချီးမွမ်းခြင်း စသည်တို့ကို ဆုလဘ်အဖြစ် ရယူလိုကြသည်။ သို့သော် သခင်ယေရှုပေးမည့် ပို၍ အရေးပါသောဆုလဘ်ကမူ ကျွန်ုပ်တို့ကို သေခြင်းအလွန်၌ စောင့်ဆိုင်းနေသည်။ လျှို့ဝှက်စွာပြု သည့် အပြောင်မြောက်ဆုံးသော လုပ်ရပ်တို့ကို အခြားသူတို့မမြင်၊ ကိုယ်တော်သာ မြင်တော်မူ သည်။ ရှင်းရှင်းဆိုရလျှင် ကောင်းကင်နိုင်ငံ၏ မှာတမ်းမှာ “အခြားသူများအတွက်မဟုတ်၊ ဘုရားသ ခင် အတွက်သာ အသက်ရှင်ပါ” ဟူ၍ဖြစ်သည်။
လောကရှိစည်းစိမ်များထက်သာ၍ ကောင်းသောဘဏ္ဍာကို ကျွန်ုပ်တို့ကောင်းကင်ဘဏ္ဍာ အဖြစ် သိုထားပြီး(မ ၆း၂၀)၊ ထိုဘဏ္ဍာမှာ ခံစားရသည့် ဆင်းရဲဒုက္ခများအတွက် ဘုရားသခင်က ပြန်ပေးဆပ်သော ဆုလဒ်ဖြစ်သည်ဟု ခရစ်တော်သွန်သင်သည်။ တမလွန်အသက်တာနှင့် ပတ် သက်၍ ဓမ္မဟောင်းကျမ်း၌ သာမန်ကာလျှံကာ အရိမ်အမြွက်မျှသာ ဖော်ပြခဲ့သော်လည်း သခင် ယေရှု “ဖြောင့်မတ်သော…
ဟဲမန်၏ ရိုးသားမှု
ဆာလံ ၈၈ ကို ရေးသားခဲ့သူ ဆာလံဆရာ ဟဲမန်(Heman)ကို အလွန်အံ့ဩချီးမွမ်းမိသည်။ သူ၏ဘ၀ကြမ္မာက စိတ်သောကဖြစ်ဖွယ် ဆင်းရဲဒုက္ခအတိဖြစ်သည်။ “အကျွန်ုပ်၏၀ိညာဉ်သည် ဒုက္ခနှင့်ပြည့်၍”ဟု ညည်းတွားခဲ့သည် (း၃)။ ဆင်းရဲဒုက္ခတို့ကြောင့် သူစိတ်ပျက်နေသည်။
ဟဲမန်သည် ကျန်းမာရေးချို့ယွင်းခြင်း၊ အတိဒုက္ခရောက်ခြင်းများကို ပြန်လည်ဆင်ခြင်ရာ သူ့ပတ်လည်၌ အခက်အခဲနှင့် အထီးကျန်မှုကိုသာ မြင်ရသည်။ ဖြေသိမ့်စရာကလည်း နတ္တိ၊ “ဒုက္ခ ဝေဒနာကို ခံရ၍သေဆဲရှိပါ၏” ဟုညည်းညူခဲ့သည်(း၁၅)။ သူ့ဘ၀က ရေစုန်မျောလျက်(း၅)၊ မှောင်မိုက်ဖုံးလွှမ်း၍(း၆)၊ ဖိစီးနှိပ်စက်ခံရပြီး၊ စွန့်ပစ်ခံနေရသည်(း၅-၇၊၁၄-၁၅)။ လိုဏ်ခေါင်း၏ အစွန်းတစ်ဖက်၌ အလင်းရောင်ကို မတွေ့ရသကဲ့သို့ သူ၏၀မ်းနည်းမှု၊ သောကအတွက် ဖြေသိမ့်မှု ကို မတွေ့ရပါ။
ဟဲမန်၏ ရိုးသားမှုကို နှလုံးသား၌ နွေးထွေးစွာခံစားရပြီး၊ အခက်အခဲနှင့် မကြုံခဲ့ဘူးပါဟု ဆို သည့် ယုံကြည်သူများကို မသင်္ကာမကင်းဖြစ်မိသည်။ စင်စစ် ဒုက္ခရောက်သည့်အကြောင်း တစ်နေ့ လုံး ညည်းညူသူအနား မည်သူမျှ…
လူ့အသိုက်အမြုံထဲ နေထိုင်ရာဝယ်
Texas Ranger ဘေ့စ်ဘောအသင်းမှ ကစားသမားတစ်ဦးဖြစ်သူ ဂျို့ရှ် ဟဲမီတန်သည် မူးယစ်ဆေးဝါးနှင့် အရက်စွဲသည့် ဝေဒနာနှင့် အပြင်းအထန်လုံးပမ်းခဲ့ရသည်။ ထိုကြောင့် ၂၀၁၀ ခုနှစ်က သူ့အသင်းအောင်ပွဲခံပြီး ဂုဏ်ပြုပွဲ အစီအစဉ်တက်ရောက်ရန် စိတ်ပူခဲ့သည်။ အရက် ပြတ်ခါစ အရက်သမားတစ်ဦးက `ရှန်ပိန်အရက်´မိုးရွာမည့်ပွဲကို မတက်သင့်ဟု သူခံယူထားသည်။ သို့သော် အလွန်စိတ်ချမ်းမြေ့စရာ အကြောင်းအရာ ဖြစ်ပျက်ခဲ့သည်။ သူ့သူငယ်ချင်းများက ရှန်ပိန် အစား ဂျင်းဘီယာကို စီစဉ်ခဲ့သဖြင့် ဟဲမီတန်သည် ထိုဂုဏ်ပြုပွဲ၌ ပါဝင်နိုင်ခဲ့သည်။ ထိုအကြောင်း အရာက မိမိအရေးထက် အခြားသူ၏လိုအပ်ချက်ကို အလေးထားသည့် တမူထူးသည့် လူ့အသိုက် အ၀န်းလေးကို သရုပ်ဖော်နေသည်။
တမန်တော်ရှင်ပေါလုက ဖိလိပ္ပိအသင်းသားတို့အား မိမိတို့၏ အရေးထက် အခြားသူများ၏ အရေးကို ပို၍အလေးထားရန် သွန်သင်ရာ၌ အထက်ပါသဘောကိုပင် ရည်ညွှန်းသည် (ဖိ ၂း၃-၄)။ ခရစ်တော်၌ တစ်ပေါင်းတစ်စည်းဖြစ်ခြင်းဖြင့် ဖိလိပ္ပိ အသင်းသားတို့သည်…
သူတို့ကြည့်နေကြသည်
အပတ်စဉ် ရှုံးပွဲဆက်နေသည့် ဘောလုံးအသင်း၏ အခြေအနေမှာ ဆိုးဝါးလှသည်။ ပွဲစဉ် အားလုံးနီးပါး ရှုံးနိမ့်နေသော်လည်း အသင်းကို ကြိုးကြိုးစားစား ဆက်ကစားရန် မည်သို့အားပေး သနည်းဟု သတင်းထောက်တစ်ဦးက ထိုအသင်းမှ ကြေးစားကစားသမားကို မေးမြန်းခဲ့သည်။ “ဒီပွဲကို ကျုပ်အဖေနဲ့အမေ ကြည့်နေကြတယ်ဆိုရင် ကျုပ်အစွမ်းရှိသမျှနဲ့ အကောင်းဆုံးကစားမယ် ဆိုတာ ယုံလိုက်စမ်းပါ” ဟု ပြန်ဖြေခဲ့သည်။ အရှုံးအနိုင်ထက်ပို၍ အရေးကြီးသောအရာရှိကြောင်း သူအသိအမှတ်ပြုသည်။ လူအများက ကြည့်ရှုနေကြောင်း အဖြစ်မှန်က အကောင်းဆုံးကစားသမား ရန် သူ့ကို တွန်းအားပေးသည်။
လက်တွေ့ကျသည့် ထိုအဖြစ်မှန်ကို ယေရှုက တောင်ပေါ်ဒေသနာ၏ အစပိုင်းတွင် ကျွန်ုပ်တို့ကို သတိပေးနေသည်။ ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ပြုသမျှကို ကြည့်ကာ ကျွန်ုပ် တို့၌မြင်ရသော အသက်တာအားဖြင့် ဘုရားသခင်ကို မှတ်ချက်ပေးကြောင်း အသိရှိရပါမည်။
ကိုယ်တော်က “သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင် ဘုံ၌ ရှိတော်မူသော…